ဟိုအရင်ကချစ်ဖူးခဲ့တဲ့
အချစ်ဦးလေးရယ်
ဒီအချိန်တော့
ဟိုးအဝေးမှာတစ်နေရာစီပဲ
ဘယ်သူကသိမလဲ
ကိုယ်တို့နှစ်ဦးဝေးမယ်
ကံကြမ္မာရဲ့
စေခိုင်းချက်နဲ့ ကွာဝေးခဲ့
ဟိုအရင်ကချစ်ခဲ့ကြတဲ့
အကြင်နာဆုံးအချစ်ဆုံးရယ်
တစ်ခါပြန်တွေ့တဲ့အခါ
ဝမ်းလည်းသာငိုချင်လည်း
ဘယ်တော့များပြန်တွေ့ရမယ်
မျှော်လင့်တုန်းပြန်တွေ့တော့ကွယ်
နွေရက်များကြာရှည်သွားရဲ့
အချစ်ဟောင်းရယ်
မထင်မှတ်ပဲ
ပြန်တွေ့တယ်
နင်နေကောင်းရဲ့လားကွယ်
မဆုံပေမယ့်
သတိရတာဝန်ခံပါတယ်
အချိန်တွေပြောင်းလဲပါစေ
နင်ဘယ်လိုရက်စက်ခဲ့ပါစေ
ရင်မှာတော့
အရင်တုန်းကလိုပူနွေးဆဲ
ဟိုအရင်ကချစ်ခဲ့ကြတဲ့
အကြင်နာဆုံးအချစ်ဆုံးရယ်
တစ်ခါပြန်တွေ့တဲ့အခါ
ဝမ်းလည်းသာငိုချင်လည်း
ဘယ်တောများပြန်တွေ့ရမယ်
မျှော်လင့်တုန်းပြန်တွေ့တော့ကွယ်
နွေရက်များကြာရှည်သွားရဲ့
အချစ်ဟောင်းရယ်
Lyrics provided by LRCLIB